Mini HIFU ( Ultrasound ) ဆိုတာ Ultrasound energy နဲ့ Collagen ကို လှုံ့ဆော်ပေးပြီး အသားအရေ တင်းရင်းအောင် လုပ်ပေးတဲ့ အလှအပရေးရာ ကုသမှုတစ်ခု ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြားလျောရဲမှုတွေကို ခွဲစိတ်စရာမလိုပဲ အသားအရေ ပိုမိုတင်းရင်းလာစေပါတယ်။
အဲ့ဒါဆို HIFU ထိရောက်အောင် စနစ်တကျ ဘယ်လိုသုံးမလဲ?
- မျက်နှာအပိုင်းအခြားအလိုက် အပူချိန် Level ကို မှန်ကန်စွာ အသုံးပြုပေးဖို့လိုအပ်ပါတယ်။
အရေပြားအထူအပါးအပေါ်မူတည်ပြီး မျက်နှာနဲ့ လည်ပင်းအတွက်ဆို Level 1 ၊ နဖူး လည်ပင်းနဲ့ ပါး အပေါ် ပိုင်းအတွက်ဆို Level 2 နဲ့ 3 ၊ ပါးအောက် Jaw Line နဲ့ လည်ပင်းအောက် အတွက်ဆို Level 4နဲ့ 5 စသဖြင့် သုံးပေးသင့်ပါတယ်။
- ရေရှည် ပုံမှန်လေး အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
HIFU ရဲ့ သက်ရောက်မှုက သုံးလိုက်မသုံးလိုက်ဆိုရင် ထိရောက်မှုနည်းတဲ့အတွက် သိသာတဲ့ Result ရဖို့ဆို ၂ ပတ်ကို ၁ ကြိမ်လောက် ပုံမှန် အသုံးပြုပေးသင့်ပါတယ်။
မျက်နှာကို ပင့်တင်တဲ့ အနေအထားမျိုးနဲ့ သုံးပေးသင့်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားတွေလျှောရဲလာတတ်ပါတယ်။ HIFU ကို အောက်ကနေအထက်သို့ (uplifting motion) သုံးတာက လျှော့ကျနေတဲ့ အသားကို ပြန်လည်ပင့်တင်ပေးပြီး တင်းတင်းရင်းရင်းဖြစ်လာစေပါတယ်။
- HIFU လုပ်ပြီးနောက် After Care ကိုသေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။
HIFU လုပ်ပြီးနောက်မှာ အသားအရေ ကို ပြန်လည်အားဖြည့်ပေးဖို့အတွက် Moisture နဲ့ Sun Protection သေချာစွာလိမ်းသင့်ပါတယ်။
ဒီလိုမျိုး ထိထိရောက်ရောက်လေးနဲ့ အိမ်မှာနေရင်း HIFU ကို အသုံးပြုချင်တယ်ဆိုရင် R&P မှာ Mini HIFU နဲ့ Upgraded Wireless Mini HIFU ဆိုပြီး ၂ မျိုးထဲက စိတ်ကြိုက်ရွေးချယ်အသုံးပြုလိုက်တော့နော်