Logo

Facial Steamer ကို နေ့တိုင်းသုံးလို့ရလား⁉️

Facial Steamer ဆိုတာကချွေးပေါက်တွေကိုပွင့်စေပြီးအသားအရေကိုအနက်ရှိုင်းဆုံးသန့်စင်စေတာမို့  

နေ့စဉ်အလွန်အကျွံသုံးတဲ့အခါမှာ

📌အသားအရေခြောက်သွေ့တာတွေ

📌အသားနီမြန်းတာတွေ

📌အသားခြောက်တာတွေနဲ့ချွေးပေါက်ကျယ်လာတာမျိုးတွေဖြစ်စေတတ်ပါတယ်😓

Facial Steamer ကို သတ်မှတ်ထားတဲ့အရေအတွက်အတိုင်းသုံးပေးမယ်ဆိုရင်တော့ ဝက်ခြံနဲ့အဆီပြန်တာတွေကိုသက်သာစေပြီးကျန်းမာစိုပြေတဲ့အသားအရေကိုပိုင်ဆိုင်စေတဲ့အတွက် 

  • Normal Skin နဲ့ Oily Skin သမားတွေက တစ်ပတ်မှာ နှစ်ကြိမ် (သို့) သုံးကြိမ် ✨
  • Dry Skin နဲ့ Sensitive Skin သမားတွေက တစ်ပတ်မှာတစ်ကြိမ်သုံးပေးရုံနဲ့လုံလောက်ပါပြီ❤️

သုံးတဲ့အခါမှာလည်း အမွှေးဆီ၊ ရေမွှေး၊ Lotion တွေကိုထည့်မသုံးဘဲ ရေသန့်တစ်မျိုးတည်းကိုသုံးပေးဖို့လိုပါတယ်။

Facial Steamer အသုံးပြုပြီးချိန်မှာ ချွေးပေါက်လေးတွေပွင့်နေတာကြောင့် Moisturizer, Essence လိုမျိုး သုံးနေကြ Skin Care လေးတွေကိုသုံး‌ပေးဖို့ရင် ထိရောက်တဲ့ Result ကိုပိုင်ဆိုင်စေမှာပါ။

သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း Facial Steamer လေးကိုသုံးပေးမယ်ဆိုရင်တော့ 

  • ချွေးပေါက်လေးတွေပွင့်ပြီး မျက်နှာအသားအရေကို အနက်ရှိုင်းဆုံးသန့်စင်စေတယ်။ 
  • မျက်နှာအသားအရေကိုရေဓာတ်ပြည့်ဝစေတယ်။
  • ဝက်ခြံနဲ့အဆီပြန်တာတွေကိုသက်သာစေပြီး ကျန်းမာစိုပြေတဲ့ Glow Look လေးကိုပိုင်ဆိုင်စေမှာသေချာပါတယ်😍

R&P Nano Ionic Facial Steamer လေးကိုစနစ်တကျသုံးပြီး ကျန်းမာလှပတဲ့ Glow Look လေးကိုပိုင်ဆိုင်လိုက်ပါ❤️✨