လူတစ်ယောက်နဲ့ တစ်ယောက် အမွေးပေါက်နှုန်းပေါ်မူတည်ပြီးသိသာတဲ့ အချိန်ကွာခြားတတ်ပါတယ်။ ပုံမှန်အမွေးထွက်သမား ဆိုရင် ဆက်တိုက်သုံးသွားပါက 2/3လအတွင်း စသိသာပါတယ်။ ပုံမှန်ထက် အမွှေးပေါက်နှုန်းများပါက ဒီထက်အချိန်ပိုပေး ပြီး သုံးရတာရှိတတ်ပါတယ်. စက်ကိုသုံးလိုက်ရပ်လိုက်လုပ်လို့မရပါ ပုံမှန် ဆက်တိုက်လေး သုံးသွားပေးမှ သိသာတဲ့resultကိုရနိုင်မည်။ စသိသာပုံက အမွှေး ထွက်နှုန်းနှေးလာတာ ၊ Hair Stoke သေးလာတာ ၊ အမွှေး ကွက်ကြားပဲပေါက်တာ ၊ နောက်ဆုံး အမွှေးပြန်မပေါက်တာမျိုးကို တဖြည်းဖြည်း သိသာလာတာမျိုးပါရှင်။
Nipple Hair ပေါ် သုံးလို့မရပါ ။ IPL ရဲ့ Laser က ပစ်တဲ့ area ရဲ့ melanin ဓါတ်ကို ဖျက်ဆီးလျော့ချပေးတာကြောင့် dark area ပေါ်သုံး လို့မရပါ။ အသားလောင်တာ အသားရေမညီတာတွေ ဖြစ်တတ်ပါတယ်။ Bikini Area ရဲ့ ဆီးခုံ area ပေါ် သုံးပေးလို့ရပါတယ်. Private area ရဲ့ dark areaပေါ်တွေ တော့ သုံးလို့မရပါ။
Frangrance မပါ alcohol မပါ သော Hydration သေချာပေးတဲ့ Lotion မျိုး လိမ်းလို့ရပါတယ်,Vitamin Cတို့ အသားဖြူဝင်းစေသော Active Ingredient ပါတဲ့lotionတွေ ဆိုရင်ချက်ချင်း လိမ်းလို့မရပါ။ အနည်းဆုံး 24 Hours ခြားပြီးလျှင်လိမ်းလို့ ရပါသည်။
IPL laser Hair Removal သုံးပါက အမွှေးနုတ်သုံးလို့ မရပါ , အရေပြား chicken skin ဖြစ် တာမျိုး ingrown hairပေါက်တာမျိုးဖြစ်တတ်ပါတယ်။ ဂျိုင်းအသားရေလည်းပျက်စီးတတ်တာမို့ နုတ်ပြီး မသုံးရပါ။ Shaving လုပ်ပြီးသုံးတာ IPL Laser Hair Removalအတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါတယ်။
Laser Flash ထွက်ဖို့ တခုနဲ့တခုကြား 3secကနေ 5 sec အတွင်း ကြာတတ်ပါတယ်။ စက် ကိုဆက်တိုက်သုံးလို့ အချိန်ကြာသွားရင်လည်း Flash တခုနဲ့တခု ကြား 7 secလောက်လည်းကြာသွားတတ်ပါတယ် Intensity levelမြင့်လေ Flash တခုနဲ့တခု ကြား ကြာချိန်အနည်;ငယ် ပို ကြာတတ်ပါတယ် ,Flash ထွက်တဲ့အချက်မှ ထိရောက်ပါတယ်
IPL Laser စက်အောက်ခြေရှိ ပါဝါခလုတ်ကိုတစ်ချက်နှိပ်ပေးပါ. Intensity level ကို လည်း ထိုပါဝါဖွင့်သည့် ခလုတ်ကို တစ်ချက်ချင်းနှိပ်ပြီးရွေးပေးပါ, စက်အပေါ်က ခလုတ်ကြီးကို နှိပ်ပြီးမှ ပစ်ပေးပါ။ အသားနဲ့ထိ အောင် ကပ်ပစ်မှ Flashထွက်ပါမယ်ရှင့် ။