မရပါ။ နေ့တိုင်းအသုံးပြုခြင်းကြောင့် အသားယားယံမှု ခြောက်သွေ့မှု ဖြစ်စေနိုင်သည်။ အမွှေးအိတ်များ ပြန်လည်တည်ဆောက်ရန် တစ်ကြိမ်မှ နောက်တစ်ကြိမ် သို့ ပစ်ရန် ကြားထဲတွင် အနည်းဆုံး 3 ရက်ဝန်းကျင် ခန့် အချိန်ပေးရန် လိုအပ်ပါသည်။
IPL သည် အသားအရောင် အဖြူမှ အလယ်အလတ်အရောင်အသား (light to medium skin tones) နှင့် မဲမဲနက်နက် ဆံပင်များတွင် အကျိုးသက်ရောက်မှု ပိုရှိသည်။ အလွန်ဖြူသော ဆံပင် (blonde, grey, red) များတွင် အကျိုးသက်ရောက်မှုနည်းပြီး အလွန်မဲသော အသားအရောင်တွင် အသုံးမပြုသင့်ပါ ။ အရောင်မညီခြင်း (pigmentation issue) ဖြစ်နိုင်ပါသည်။
Sapphire IPL Laser သည် အလင်းရောင် (broad-spectrum light) ကို အသုံးပြုပြီး hair follicle ထဲရှိ melanin ကို ပစ်မှတ်ထားသည့် နည်းပညာဖြစ်သည်။ အလင်းရောင်အလှိုင်းများသည် အပူဖြင့် အမွှေးအိတ်ကိုဖျက်ဆီးပြီး အမွှေးမျှင်များ ပြန်မကြီးအောင် လျော့ချပေးသည်။ ပစ်တဲ့အချိန် Laser၏ အပူကို အသားရေမှ သက်တောင့်သက်သာ ရှိစေရန် Ice Cool effect ထည့်ထားပေးခြင်းဖြစ်သည် ။
Sapphire Ice Cool IPL သုံးပြီး သိသာချိန်ကတော့ လူတစ်ယောက်နဲံတစ်ယောက်အမွှေးထွက်နှုန်း ပေါ် မူတည်ပြီး သိသာတဲ့အချိန်လေးကတော့ ကွာခြားတတ်ပါတယ်။ ပုံမှန် အမွှေးထွက်သူျားကတေ့ာ သုံးတဲ့အချိန် 2-3 လဝန်းကျင်လောက် သိသာမှုကို စတင်မြင်တွေ့နိုင်ပါတယ် ။ စသိသာပုံ ကတော့ အမွှေး ထွက်နည်းလာတာ ကနေ စသိသာပါတယ် ။ ပုံမှန်သုံးပေးသွားပြီးနောက်ပိုင်း အမွှေး အေရာင်ဖျော့ပြီး အမွှေးနုလာပါမည်။ အမွှေးနုလာရာက အမွှေးပါလာပြီး ကွက်ကြားပဲ ပြန်ပေါက်တာမျိုး အဆင့်ကိုရောက်ပါတယ်။ နောက်ပိုင်း လုံးဝ ပြန်မထွက်တော့တဲ့ အဆင့်ကိုရောက်ပါတယ်။ သိသာတဲ့resultရဖို့ ပုံမှန်လေး သုံး ပေးဖို့တော့ လိုပါတယ်။
Flash တခုနဲ့တခုကြား 3-5 sec ကြား ကြာတတ်ပါတယ် စက်ကို area တစ်ခုကနေ တစ်ခု ဆက်တိုက်သုံးလို့ အချိန်ကြာသွားရင်လည်း Flash တခုနဲ့တခု ကြား ထွက်တဲ့အချိန် 7 secလောက်လည်းကြာသွားတတ်ပါတယ် intensity levelမြင့်လေ Flash တခုနဲ့တခု ကြား ကြာချိန် အနည်းးငယ် ပိုတတ်ပါတယ်။
Red-light ကိုဖွင့်ချင်ရင် စက်ပါဝါ ကို ဖွင့်ပြီး ဘေးပါဝါခလုတ် ကို နှစ်ချက်ဆက်တိုက် လေးနှိပ်ပေးပါ ။ Red-light က အသားရေ မညီညာတာ ဂျိုင်းမဲ တာကနေ သက်သာစေပါတယ်။
IPL Laser သုံးပြီးချက်ချင်းတွင် Aloe vera Gel လိမ်း ပေးတာပြီး အသားအရေ Cool Downလုပ်ပေးတာက ပိုသင့်တော်ပါတယ် ။ Fragrance Free/ Alcohol Free ဖြစ်သော Hydration သေချာပေးတဲ့ Lotion မျိုး ကို ရွှေးချယ် လိမ်းလို့ရပါတယ်။ Vitamin C ပါဝင်ပြီး အသားဖြူဝင်းစေသော စတဲ့ Active Ingredients ပါဝင်သော lotionတွေ ကိုတော့ 48နာရီ ခြားပြီးမှ လိမ်းပေးပါ။
Sapphire Ice Cool IPL ကို အမာရွတ်ပေါ် အမဲစက်ပေါ် Tattoo ပေါ် နှင့် မှဲ့ပေါ် ရှိ အမွေးတွေပေါ် သုံးလို့မရပါ။ IPL laser က melaninဓါတ်ကို ဖျက်ဆီးလျော့ချပေးတာကြောင့် dark areaပေါ်သုံး လို့မရပါ ။ အသားလောင်တာ အသားရေမညီတာတွေ ဖြစ်တတ်ပါတယ် ။ ( private area ဆိုလျှင် ဆီးခုံတစ်ဝိုက်သာ သုံးလို့ရမည်)
သုံးလို့မရပါ ,ဂျိုင်းအသားအေရ chicken skin ဖြစ် တာမျိုး ingrown hairပေါက်တာမျိုးဖြစ်တတ်ပါတယ် .ဂျိုင်းအသားရေလည်းပျက်စီးတတ်တာမို့ နုတ်ပြီး မသုံးရပါ။ Shaving လေး လုပ်ပြီးပဲ သုံးပေးပါ။